#

Taiwan

Our Partnership -東吳大學

ထိုင်ဝမ်နိုင်ငံ၊ မြို့တော် တိုင်ပေမှာရှိတဲ့ ပထမဦးဆုံး ပုဂ္ဂလိက တက္ကသိုလ် "東吳大學" ဘာသာစကားစင်တာမှာ တရုတ်ဘာသာစကား တက်ရောက်လိုတဲ့ မြန်မာကျောင်းသားတွေအတွက် လမ်းစအသစ်တွေကို ဉာဏစွမ်းပကားကနေ ယူဆောင် လာခဲ့ပါပြီ။


တရုတ်ဘာသာစကားသင်တန်း


Intakes - Dec 2024 | Mar 2025 | June 2025

ကျောင်းတက်ရမည့်ရက်: ၁၀-၃-၂၀၂၅
နောက်ဆုံးထားအပ်နှံရမည့်ရက် : ၃၁-၁-၂၀၂၅

သင်တန်းကာလ (၃) လ (Level အလိုက် တက်ရောက်နိုင်ပြီး အများဆုံး (၂) နှစ်အထိ တက်ရောက်နိုင်ပါမည်)
တစ်နေ့လျှင် ၃ နာရီ၊ တနင်္လာနေ့မှ သောကြာအထိ တစ်ပတ်လျှင် ၁၅ နာရီ တက်ရောက်ရပါမည်။
ကျောင်းဝင်ကြေး - ထိုင်ဝမ်ဒေါ်လာ ၅၀၀ (ပထမ တစ်ကြိမ်သာ)
သင်တန်းကြေး- ထိုင်ဝမ်ဒေါ်လာ ၃၀,၀၀၀ (ကျောင်းသားဟောင်းဖြစ်ပါက ၁၀ % လျှော့ပေးပါသည်)

TOCFL A2 Level ဖြေဆိုအောင်မြင်ပြီးပါက GPIS Program (Full Time 2 Years Chinese Program + 2 Years Elective Majors ) ဆက်လက် တက်ရောက်ကာ ဘွဲ့ရရှိနိုင်ပါမည်။

ကျောင်းလျှောက်ရန်လိုအပ်သည့်စာရွက်စာတမ်းများ

  • • (၆) လ အထက်သက်တမ်းရှိ နိုင်ငံကူးလက်မှတ်
  • • ပညာအရည်အချင်းအထောက်အထား (စနစ်ဟောင်း တက္ကသိုလ် ဒုတိယနှစ်၊ စနစ်သစ် ၁၂ တန်း (သို့) အလားတူအရည်အချင်း (နိုတြီ)
  • • ၃ လအတွင်း ၂ လက်မပတ်လည် ဓာတ်ပုံ (နောက်ခံအဖြူ)
  • • အမေရိကန်ဒေါ်လာ ၂၀၀၀ နှင့်ညီမျှသည့် ကျပ်ငွေ စာရင်းရှင်းတမ်း

  • ထိုင်ဝမ်ကျောင်းသားဗီဇာလျှောက်ရန်လိုအပ်သည့်စာရွက်စာတမ်းများ

  • • မြန်မာနိုင်ငံခြားရေးရုံးမှ အသိအမှတ်ပြုပြီးသော မှတ်ပုံတင်၊ အိမ်ထောင်စု၊ အမြင့်ဆုံးဘွဲ့လက်မှတ်နှင့် နှစ်စဉ် အမှတ်စာရင်း (မူရင်းနှင့်မိတ္တူ)
  • • TOCFL Level 2 + / TOEFL (iBT 26/ pbT 385)/ TOEIC 375/ IELTS 3/ KETA 2
  • • Study Plan
  • • ဆေးစစ်မှတ်တမ်း
  • • ဘဏ်စာရင်းရှင်းတမ်း/ ပိုင်ဆိုင်မှုအထောက်အထား
  • • အသေးစိတ် သိရှိလိုပါက "ထိုင်ဝမ်စီးပွားရေးနှင့်ယဉ်ကျေးမှုဌာန၏ ထုတ်ပြန်ချက်" ကို လေ့လာပါ။


တက္ကသိုလ်အဆောင်

  • • (၂) ယောက်ခန်း (ရေချိုးခန်း တွဲလျက်)
  • • (၄) ယောက်ခန်း(ဘုံရေချိုးခန်း)
အနည်းဆုံး (၆) လ စာချုပ်ချုပ်ဆိုရမည်ဖြစ်ပြီး တစ်လချင်း ပေးသွင်းနိုင်ပါသည်။ Furnished (ကုတင်၊ စာကြည့်စားပွဲ၊ ဗီဒို) ပါဝင်ပြီး အင်တာနက်၊ အဲကွန်းမီတာ၊ ရေ၊ လျှပ်စစ်မီတာခအားလုံး ပါဝင်ပါသည်။ မီးဖိုချောင် (မျှဝေသုံးစွဲရန်) တစ်ခုပါဝင်သည်။

ဝန်ဆောင်မှုများ

  • • ဝန်ဆောင်ခ NT$ ၅၀၀၀
  • • အကြံပေးဆွေးနွေးခြင်း
  • • ကျောင်းလျှောက်ထားခြင်း
  • • တက္ကသိုလ်အဆောင်လျှောက်ထားခြင်း
  • • လေယာဉ်လက်မှတ်စီစဉ်ပေးခြင်း


အပိုဆောင်းဝန်ဆောင်မှုများ (Value Added Services)

  • • အပိုဆောင်းဝန်ဆောင်မှုအတွက် NT$ ၅၀၀၀ ထပ်ပေါင်းပါသည်။
  • • ဗီဇာလျှောက်ထားပေးခြင်း (ဗီဇာကြေး မပါဝင်ပါ)
  • • တိုင်ပေလေဆိပ်တွင် လာရောက်ကြိုဆိုခြင်းနှင့် တည်းခိုရာနေရာသို့ ပို့ဆောင်ခြင်း (ကားခပါဝင်ပြီး)
  • • ဟိုတယ် Booking ‌ဆောင်ရွက်ပေးခြင်း
  • • တက္ကသိုလ်ပြင်ပနေရာထိုင်ခင်းစီစဉ်ခြင်း

#
#
#

Learn More Programs