မြန်မာနိုင်ငံမှ လူငယ်များအနေဖြင့် စရိတ်စကအနည်းဆုံးဖြင့် ပြည်ပနိုင်ငံများတွင် ပညာသင်ကြားနိုင်ရန်၊ သက်ဆိုင်ရာအစိုးရအသီးသီးက တရားဝင် အသိအမှတ်ပြုထားသော စစ်မှန်သည့် တက္ကသိုလ်များကို မှန်ကန်စွာရွေးချယ်နိုင်စေရန်၊ အဆင့်မြင့်ပညာရေးလမ်းကြောင်းသစ်များ ဖော်ထုတ်ပေးနိုင်ရန် ရည်ရွယ် ၍ Nyarna Empowers Co. Ltd (ဉာဏစွမ်းပကား ကုမ္ပဏီလီမိတက်) ၏ “ပညာရေးအတိုင်ပင်ခံလုပ်ငန်း” ကို တည်ထောင်ခဲ့ပါသည်။ ကျွန်ုပ်တို့၏ အကြံပေးအဖွဲ့တွင် မြန်မာနိုင်ငံမှ လူငယ်ထုအား ပိုမိုကောင်းမွန်သော ပညာရေးလမ်းကြောင်းများချမှတ်ပေးရန် စိတ်အားထက် သန်ကြသော နိုင်ငံအသီးသီးမှ တတ်သိပညာရှင်မိတ်ဆွေ များဖြင့် စုဖွဲ့ထားရှိကာ အကြံဉာဏ်ကောင်းများ ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
ဉာဏစွမ်းပကားသည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ အစိုးရအသိအမှတ်ပြု ပုဂ္ဂလိကတက္ကသိုလ် ဖြစ်သည့် မြောက်ပိုင်းချင်းမိုင်တက္ကသိုလ် (North-Chiang Mai University) နှင့် ၂၀၂၄ ခုနှစ်တွင် သဘောတူစာချွန်လွှာ - MoU လက်မှတ်ရေးထိုးခဲ့ပြီး မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်၏ တရားဝင် မြန်မာပြည်ဌာနေကိုယ်စားလှယ်ရုံး အဖြစ် ရန်ကုန်မြို့တွင် အခြေစိုက်ဖွင့်လှစ်လျက်ရှိပါသည်။
၂၀၂၄ခုနှစ်၊ စက်တင်ဘာလတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ YPC International College ( in collaboration with Liverpool John Moores University- UK) နှင့် သဘောတူစာချွန်လွှာ - MoU လက်မှတ်ရေးထိုးခဲ့ပြီး တရားဝင်ကိုယ်စားလှယ်အဖြစ် ရပ်တည်လျက် ရှိပါသည်။
Nyarna Empowers Co. Ltd launched its Education Consultancy Services with the aim of facilitating academic opportunities for Myanmar youths within internationally recognized Public and Private Universities at an affordable rate. Our advisory team is composed of personnel highly passionate to empower Myanmar youths to pave ways to access to tertiary educational institutions around the globe.