Perkasa Flight School (Indonesia)

သင်၏ လေယာဉ်မှူးကြီးအိမ်မက်ကို အင်ဒိုနီးရှားနိုင်ငံမှာ စရိတ်စကအသက်သာဆုံးဖြင့် စတင်နိုင်ဖို့ ဉာဏစွမ်းပကားက ဂုဏ်ယူစွာဖြင့် ယူဆောင်လာခဲ့ပါပြီ

Ab Initio - A Comprehensive Pilot Training Program

🇮🇩ပါကာဆာ လေယာဉ်မောင်းသင်တန်းကျောင်းသည် အင်ဒိုနီးရှားနိုင်ငံ၏ တစ်ခုတည်းသော နိုင်ငံတကာ အသိအမှတ်ပြု လေယာဉ်သင်တန်းကျောင်းဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံတို့၏ သက်ဆိုင်ရာလေကြောင်းညွှန်ကြားမှုဦးစီးဌာနများ၊ လေကြောင်းအာဏာပိုင်အဖွဲ့များက အသိအမှတ်ပြုထားပါသည်။ အမောင်းသင်လေယာဉ်နှင့် ကျောင်းသားအချိုးမှာ ၁း၅ ဖြစ်ပြီး စုစုပေါင်း လေယာဉ် ၁၉ စီး နှင့် ခေတ်မီ နည်းပညာမြင့် လေယာဉ်ပျံသန်းမှု သင်ထောက်ကူ ပစ္စည်းများအသုံးပြု၍ ကျွမ်းကျင် လေယာဉ်မှူးကြီးများက စနစ်တကျ တတ်ကျွမ်းသည်အထိ သင်ကြားပို့ချပေးလျက်ရှိပါသည်။


ပါကာဆာလေယာဉ်သင်တန်းကျောင်းတွင်အင်ဒိုနီးရှားနိုင်ငံမှ ကျောင်းသားများသာမက ပါကစ္စတန်၊ ဗီယက်နမ်၊ လစ်ဗျား၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ တန်ဇန်းနီးယား၊ မောလ်ဒိုက်၊ ကင်ညာ၊ ပါပူးဝါးနယူးဂီနီ၊ မလေးရှား၊ သီရိလင်္ကာနှင့် ဂျပန်နိုင်ငံက ကျောင်းသူကျောင်းသားများကို လေယာဉ်မှူးများအဖြစ် အောင်အောင်မြင်မြင် မွေးထုတ်ပြီး ဖြစ်ပါသည်။


အသက် ၁၇ နှစ်ပြည့်ပြီး အခြေခံပညာအထက်တန်းအရည်အချင်း (GED/ IGCSE/ GCE O) ကျောင်းသား ကျောင်းသူများအားလုံးကို ပါကာဆာလေယာဉ်မောင်းသင်တန်းကျောင်းက နွေးထွေးစွာ ကြိုဆိုလျက်ရှိပါ သည်။


သင်တန်းကာလသည် ၁၄ လ မှ ၁၆ လ အထိ ကြာမြင့်နိုင်ပြီး မြေပြင် စာတွေ့သင်ကြားမှု (၇၆၁) နာရီ၊ ပျံသန်းမှုအချိန် (Dual/ Solo/ Mutual PIC w/o SIC Hours) စုစုပေါင်း (၂၁၂) နာရီနှင့် Simulator မောင်းနှင်ခြင်း (၆၀) နာရီ ပါဝင်မည် ဖြစ်ပြီး အောက်ပါသင်တန်းများ ပါဝင်မည်ဖြစ်ပါသည်-
(၁) Private Pilot Course (PPL License)
(၂) Commercial Pilot Course (CPL License)
(၃) Instrument Rating Course (IR)
(၄) Multi-engine Rating Course (MER)
(၅) Air Transport Pilot (Ground) Course

ကျောင်းလျှောက်ရန်လိုအပ်သည့်စာရွက်စာတမ်းများ
  • အသက် ၁၇ ပြည့်ပြီး အခြေခံပညာအထက်တန်း အောင်မြင်သူများ (Grade-12/ GED/ IGCSE/ GCE O)
  • အရပ်အမြင့် အမျိုးသား အနည်းဆုံး ၅’ ၄” (၁၆၅ စင်တီမီတာ)၊ အမျိုးသမီး ၅’ ၂” (၁၆၀ စင်တီမီတာ)
  • အမှတ်စာရင်း (မူရင်း၊ မိတ္တူနှင့် မိတ္တူမှန်ဖြစ်ကြောင်း နိုတြီ)
  • နိုင်ငံကူးလက်မှတ် မိတ္တူ
  • (၆) လအတွင်း ရိုက်ကူးထားသော ရောင်စုံ ဓာတ်ပုံ(နောက်ခံအနီရောင်)
  • ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာ
  • • ကျောင်းသား (သို့) မိဘ ၏ ဘဏ်ငွေစာရင်းရှင်းတမ်းတွင် USD 3,000 နှင့်ညီမျှသော ကျပ်ငွေပမာဏ
Partnership Diagram Partnership Diagram Partnership Diagram

Have Questions?

Find quick answers to common questions about studying in Taiwan, the application process, and our services. For more detailed information, visit our main FAQs page.

View All FAQs

Need Personal Assistance?

Our counselors are ready to provide personalized support. Contact us today to schedule your consultation.

Contact Us